Skip to main content

ဘန်ကောက်မှာ အခန်းဖော်မရွေးခင် မေးရမဲ့ မေးခွန်း ၁၁ ခု

CoLive
by CoLive
May 21, 2026 11:55:00 AM

colive blog - 11 questions - mm-1

ဘန်ကောက်မှာ အခန်းဖော်ရှာနေသူတွေအနေနဲ့  အခန်းဖော်မရွေးခင်မှာ တစ်ဖက်လူနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုဖို့ လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ မေးခွန်း (၁၁) ခုဟာ အခန်းဖော်အဖြစ် အတူနေတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ 💬

1️⃣ အခန်းအမျိုးအစား၊ အခန်းအကျယ်နဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ?

ကိုယ်ကအခန်းမရှိထားသေးလို့ အခန်းရှိထားပြီးသားအခန်းပိုင်ရှင်တစ်ဥိီးနဲ့ အခန်းဖော်အဖြစ် အတူနေတော့မယ်ဆိုရင် သူ့ရဲ့အခန်းအမျိုးအစား (studio အခန်းလား၊ 1 bedroom အခန်းလား) နဲ့ အခန်းထဲမှာ အဲယားကွန်း၊ ရေခဲသေတ္တာ၊ WiFi ရှိမရှိ၊ ဟင်းချက်လို့ရမရ ကြိုတင်မေးမြန်းသင့်ပါတယ်။ ဒါမှသာ အခန်းလခအပြင် တခြား ထပ်တိုးအပိုကုန်ကျစရိတ်တွေကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။‌
Studio room နဲ့ 1 Bedroom ဘယ်လိုကွာသလဲ...

2️⃣ အခန်းဖော်အတွက်TM30 ရနိုင်မရနိိုင်

နေထိုင်ကြောင်းထောက်ခံစာ TM30 ဟာ ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ အခန်းရှိထားပြီးသားအခန်းပိုင်ရှင်တစ်ဥိီးနဲ့ အခန်းဖော်အဖြစ် အတူနေတော့မယ်ဆိုရင် ကိုယ့်အတွက်လည်း TM30 ရနိုင်မရနိိုင်ကို  ကြိုတင်မေးမြန်းဖို့အရေးကြီးပါတယ်။ 
TM30 မရရှိဘဲ ထိုင်းနိုင်ငံမှာ နေထိုင်မိပါရင် နောက်ပိုင်း Visa သက်တမ်းတိုးချိန် ဒါမှမဟုတ် Immigration Office သွားချိန်မှာ ပြဿနာတက်နိုင်ပါတယ်။
TM30 ရှိထားဖို့ ဘာကြောင့်အရေးကြီးသလဲ...

3️⃣ ဘုံကုန်ကျစရိတ်တွေကို ဘယ်လိုခွဲဝေချင်လဲ?

အခန်း Deposit နဲ့ ရေခမီတာခ စတဲ့ ဘုံကုန်ကျစရိတ်တွေကို ဘယ်လိုခွဲမလဲ သေချာမေးမြန်းထားသင့်ပါတယ်။ ၅၀/၅၀ တစ်ယောက်တစ်ဝက်ခွဲတာတောင်မှ သေချာတဲ့စနစ်မရှိထားရင် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ တစ်ဖက်အခန်းဖော်နဲ့ မနေခင်ကတည်းက ကြိုတင်ညှိယူထားတာ အကောင်းဆုံးပါဘဲ။
ဘန်ကောက်မှာ နေထိုင်စရိတ် တစ်လကို ပျမ်းမျှဘယ်လောက်ရှိနိုင်လဲ...

4️⃣  ဒီမှာ ရေရှည်နေမှာလား၊ ဒါမှမဟုတ် ခေတ္တခဏပဲလား?

အခန်းဖော် ခဏခဏပြောင်းရတာက စိတ်ပင်ပန်းစရာ ကောင်းပါတယ်။ တစ်ဖက်လူ နေမယ့် ကာလကို သိထားရင် ကိုယ့်အတွက် အစီအစဉ်ဆွဲရ ပိုလွယ်ကူပါတယ်။ ဒါကြောင့်မို့ ဘယ်နှလလောက်အထိ အနည်းဆုံးနေဖြစ်မလဲဆိုတာကို အခန်းဖော်အဖြစ် လက်မခံခင်ကတည်းက ကြိုတင်မေးမြန်းထားသင့်ပါတယ်။

cigarettes-and-vape

5️⃣  အိမ်မှာ ဆေးလိပ်၊ Vape (သို့) အရက် သောက်တတ်သလား?

ဒါဟာ လူအတော်များများအတွက် အပေးအယူလုပ်လို့မရတဲ့ အချက်ပါ။ ကိုယ်က ဆေးလိပ်အနံံ့မခံနိုင်တဲ့သူ၊ အရက်‌သောက်တာမကြိုက်တဲ့သူဆိုရင် အခန်းထဲပြောင်းလာမှ သိရတာထက် အခန်းဖော်အဖြစ် မနေခင်ကတည်းက ကြိုမေးထားတာ အကောင်းဆုံးပါပဲ။ တစ်ချို့ကတော့ အပြင်မှာဘဲ ဆေးလိပ်သောက်တာမျိုးရှိပြီး၊ အခန်းထဲမှာဆိုရင် ‌ရှောင်ကြဉ်တတ်ကြပါတယ်။
ဘန်ကောက်မှာ ဘာကြောင့် Vape သောက်တာက တရားမဝင်တာလဲ...

6️⃣ ဧည့်သည်တွေ ဒါမှမဟုတ် ညအိပ်ဧည့်သည်တွေ လာတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားလဲ?

သူငယ်ချင်း ဒါမှမဟုတ် ချစ်သူ ခဏခဏလာလည်တာမျိုး၊ ညအိပ်တည်းခိုတာမျိုးကို ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုတာကို အခန်းပိုင်ရှင်ရော အခန်းဖော်ရော နှစ်ဥိီးနှစ်ဖက် ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။

7️⃣ အိမ်မွေးတိရစ္ဆာန်ရှိလား၊ ဒါမှမဟုတ် မွေးဖို့အစီအစဉ်ရှိလား?

ဓာတ်မတည့်တာ၊ ဆူညံသံနဲ့ အိမ်ငှားစာချုပ်ပါကန့်သတ်ချက်တွေကြောင့် ဒါဟာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ 
ဘန်ကောက်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးဖို့စဉ်းစားနေတယ်ဆိုရင်...

8️⃣ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးစံနှုန်း ဘယ်လောက်ရှိတယ်လို့ သတ်မှတ်ထားလဲ?

တစ်ဖက်လူကို ၁ ကနေ ၁၀ အထိ အမှတ်ပေးခိုင်းကြည့်ပြီး ကိုယ့်ရဲ့စံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သန့်ရှင်းရေးအမှတ် ၃ ပေးထားသူနဲ့ ၉ ပေးထားသူတို့ အတူနေရင် ပထမအပတ်မှာတင် ပြဿနာတက်နိုင်ပါတယ်။ နောက်ပြီး အခန်းသန့်ရှင်းရေးတာဝန်တွေကို အလှည့်ကျ ဘယ်လိုလုပ်မလဲဆိုတာကို ကြိုတင်ညှိနှိုင်းထားတာ အကောင်းဆုံးပါဘဲ။

9️⃣ သဘောထားကွဲလွဲတာ ဒါမှမဟုတ် ပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းတတ်လဲ?

ပြဿနာရှိရင် ငြိမ်နေတာ ဒါမှမဟုတ် သွယ်ဝိုက်ပြီး စိတ်ကောက်တတ်သူမျိုးထက် တိုက်ရိုက်ပွင့်လင်းစွာ ပြောဆိုတတ်သူမျိုးက ရေရှည်မှာ အခန်းဖော်အဖြစ် ‌ရွေးချယ်ဖို့ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်ကိုလည်း အခန်းဖော်အဖြစ် အတူမနေခင်ကတည်းက သေချာမေးမြန်းထားသင့်ပါတယ်။

🔟 အိပ်ချိန်နဲ့ နိုးချိန်က များသောအားဖြင့် ဘယ်လိုရှိလဲ?သင့်ရဲ့ အလုပ်ချိိန် ဒါမှမဟုတ် ကျောင်းတက်ချိန်က ဘယ်လိုလဲ?

အိပ်ချိန်မတူတာဟာ အခန်းဖော်တွေကြား ပြဿနာအဖြစ်ဆုံး အချက်တွေထဲက တစ်ခုပါ။ ညဆိုင်းဆင်းသူနဲ့ မနက်စောစောထသူတို့ အတူနေဖို့ဆိုတာ တော်တော်လေး ခက်ခဲတတ်လို့ပါ။
တစ်ဖက်လူ အိမ်မှာရှိမယ့်အချိန်ကို သိထားခြင်းအားဖြင့် ဆူညံသံ ထိန်းသိမ်းဖို့၊ ရေချိုးခန်း၊ အိမ်သာ စတဲ့ ဘုံသုံးနေရာတွေ သုံးဖို့နဲ့ မိမိကိုယ်ပိုင်အချိန် ယူဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် သေချာမေးမြန်းသင့်ပါတယ်။ 

11. သင်နဲ့အတူနေရင် ဘယ်အချက်က အခက်ခဲဆုံး ဖြစ်နိုင်မလဲ?

ကိုယ့်ရဲ့အားနည်းချက်ကို သိပြီး ပွင့်ပွင့်လင်းလင်း ဖြေနိုင်တာဟာ ကောင်းမွန်တဲ့အချက် (Green Flag) ဖြစ်ပြီး၊ "ဘာမှမရှိဘူး" လို့ ပြောတာ ဒါမှမဟုတ် ခုခံပြောဆိုတာဟာ သတိထားရမယ့်အချက် (Red Flag) ဖြစ်ပါတယ်။


CoLive ဆိုတာ အတူနေထိုင်မယ့်အခန်းဖော်အချင်းချင်း လူနေမှုပုံစံ တကယ်ကိုက်ညီမှု ရှိမရှိအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဘန်ကောက်မြို့ရဲ့ အခန်းဖော်ရှာဖွေရေး Platform တစ်ခုပဲ ဖြစ်ပါတယ်။ သင့်ရဲ့ Profile ကို အခမဲ့ပြုလုပ်ပြီး သင့်ရဲ့ Lifestyle နဲ့ တကယ်ကိုက်ညီမယ့် အခန်းဖော်ရှာဖွေနေသူများနဲ့ စတင်ချိတ်ဆက်လိုက်ပါ။

အခန်းဖော်ရှာနေတယ်ဆိုရင် ၁၀ မိနစ်လောက် အချိန်ပေးပြီး CoLive App ဒါမှမဟုတ် CoLive Facebook Page Messenger ကနေ အခမဲ့ လာရောက် Register လုပ်ထားလိုက်ရုံပါပဲ။
စိတ်တိုင်းကျ အခန်းဖော်ရဖို့ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ။ 🤗

 

CoLive
Post by CoLive
May 21, 2026 11:55:00 AM
CoLive is a digital platform that connects room owners who are looking for a compatible roommate with room seekers who want a place to stay.

Find your compatible roommate in Bangkok

Join the community of students and young professionals in Bangkok who are finding better living situations through smart matching.