---
title: ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် Vape က တရားမဝင်တာလဲ
description: ထိုင်းနိုင်ငံမှာ Vape (လျှပ်စစ်စီးကရက်) သောက်တာ ဘာလို့တရားမဝင်တာလဲ။ နောက်ကွယ်က အကြောင်းအရင်းများ၊ ဥပဒေ ပြစ်ဒဏ်များနဲ့ သိထားသင့်တဲ့ အချက်များ...
image: https://www.colive.info/hubfs/colive%20blog%20-%20vape-webp.webp
---

[Skip to main content](https://www.colive.info/my-mm/blog/why-vape-is-illegal-in-thailand#main-content)

[![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg)](https://www.colive.info/)

- [Home](https://www.colive.info)
- [Show submenu for Services Services](https://www.colive.info/services) 
    - [For Room Owners](https://www.colive.info/services/room-owners)
    - [For Room Seekers](https://www.colive.info/services/room-seekers)
- [Blog](https://www.colive.info/blog)
- [About](https://www.colive.info/about)
- [Contact](https://www.colive.info/contact)

Open main navigation

Close main navigation

- [Home](https://www.colive.info)
- Show submenu for Services  Services 
  
    - Services
    - [Services](https://www.colive.info/services)
    - [For Room Owners](https://www.colive.info/services/room-owners)
    - [For Room Seekers](https://www.colive.info/services/room-seekers)
- [Blog](https://www.colive.info/blog)
- [About](https://www.colive.info/about)
- [Contact](https://www.colive.info/contact)
- [Join Now](https://app.colive.info/)

[Join Now](https://app.colive.info/)

**Tags:** 

[rules&regulations](https://www.colive.info/my-mm/blog/tag/rulesregulations)

# ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် Vape က တရားမဝင်တာလဲ

![CoLive](https://www.colive.info/hs-fs/hubfs/CoLive%20Logo%20with%20bg.png?width=120&height=120&name=CoLive%20Logo%20with%20bg.png)

 by [CoLive](https://www.colive.info/my-mm/blog/author/colive)

Jul 11, 2026 6:55:34 AM

![why e-cigarette or vape is illegal in Thailand](https://www.colive.info/hs-fs/hubfs/colive%20blog%20-%20vape-webp.webp?width=1800&height=1050&name=colive%20blog%20-%20vape-webp.webp)

ထိုင်းနိုင်ငံမှာ လျှပ်စစ်စီးကရက် (Vape) သောက်သုံးခြင်း၊ လက်ဝယ်ထားရှိခြင်းနဲ့ တင်သွင်းခြင်းတွေဟာ ဘာကြောင့် တရားမဝင်ရတာလဲဆိုတာကို လူအများစု (အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားတွေ) ဇဝေဇဝါ ဖြစ်လေ့ရှိကြပါတယ်။  
"ဆေးလိပ်က တရားဝင်ရောင်းနေပြီး Vape က ဘာလို့ အဖမ်းခံနေရတာလဲ" ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြည့်ရအောင် 

ထိုင်းမှာ Vape ကို ဘယ်တုန်းက၊ ဘယ်လို ပိတ်ပင်ခဲ့တာလဲ။  
ထိုင်းနိုင်ငံဟာ [၂၀၁၄ ခုနှစ် ကတည်းက](https://www.tatnews.org/2019/11/tat-highlights-anti-smoking-laws-in-thailand/) Vape နဲ့ ပတ်သက်တဲ့ ပစ္စည်းအားလုံး (E-cigarettes, E-shisha, Vaporizers) ကို ပြည်တွင်းသို့ တင်သွင်းခြင်း၊ ရောင်းချခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းတွေကို ဥပဒေအရ ပြတ်ပြတ်သားသား စတင်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

## ၁။ ဘာကြောင့် တရားမဝင် ပိတ်ပင်ထားရတာလဲ။

ပထမဆုံးအချက်အနေနဲ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ အဓိကရပ်တည်ချက်ကတော့ Vape ဟာ ကျန်းမာရေးအတွက် မဘေးကင်းဘူးဆိုတဲ့ အချက်ပါ။ Vape ထဲမှာပါတဲ့ နီကိုတင်း (Nicotine) နဲ့ အခြားဓာတုပစ္စည်းတွေဟာ လူငယ်တွေကို ပိုမိုစွဲလမ်းစေပြီး ရေရှည်မှာ [အဆုတ်နဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်](https://www.who.int/news-room/questions-and-answers/item/tobacco-e-cigarettes)လို့ ရှုမြင်ကြပါတယ်။ အထူးသဖြင့် ဆွဲဆောင်မှုရှိတဲ့ အနံ့အရသာတွေကြောင့် လူငယ်နဲ့ ကျောင်းသားလူငယ်တွေ ကြားထဲ Vape ခေတ်စားလာမှာကို တားဆီးဖို့အတွက် အခုလို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

## ၂။ ဆေးလိပ်ဖြတ်ဖို့ အထောက်အကူမပြုဟု ယူဆခြင်း

အချို့နိုင်ငံတွေမှာ Vape ကို ဆေးလိပ်ဖြတ်ဖို့ အစားထိုးပစ္စည်းအနေနဲ့ ခွင့်ပြုထားပေမယ့် ထိုင်းနိုင်ငံရဲ့ ဆေးလိပ်ထိန်းချုပ်ရေးအဖွဲ့အစည်းတွေကတော့ ဒါကို လက်မခံပါဘူး။ Vape သောက်ခြင်းဟာ ဆေးလိပ်ပြတ်သွားစေတာမျိုး မဟုတ်ဘဲ အလေ့အထသစ်တစ်ခုကို ထပ်မံစွဲလမ်းသွားစေတာသာ ဖြစ်တယ်လို့ သူတို့က သတ်မှတ်ထားပါတယ်။

## ၃။ စီးပွားရေးနှင့် အခွန်စနစ်

ဒါကတော့ နောက်ကွယ်က လက်တွေ့ကျတဲ့ အကြောင်းအရင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရိုးရိုးဆေးလိပ်လုပ်ငန်းကို အစိုးရက စနစ်တကျ အခွန်ကောက်ခံပြီး ထိန်းချုပ်ထားတာပါ။ Vape တွေကို တရားဝင်ခွင့်ပြုလိုက်ရင် မှောင်ခိုဈေးကွက်ကြီးထွားလာနိုင်ပြီး အစိုးရအနေနဲ့ အခွန်စနစ်တကျ ကောက်ခံဖို့ ခက်ခဲသွားနိုင်တာကြောင့် လုံးဝပိတ်ပင်ထားခြင်းက ပိုမိုထိရောက်တယ်လို့ ယူဆကြပါတယ်။

## ![types of e-cigarettes](http://thaiembassy.se/wp-content/uploads/e-cig-1.png)

## ထိုင်းမှာ Vape နဲ့ အဖမ်းခံရရင် ဘာပြစ်ဒဏ်တွေ ရှိလဲ။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ Vape နဲ့ ပတ်သက်ရင် ပြစ်ဒဏ်တွေက တော်တော်လေး ပြင်းထန်ပါတယ်။

လက်ဝယ်တွေ့ရှိမှု/သောက်သုံးမှု: Vape သောက်နေရင်း သို့မဟုတ် လက်ဝယ်ကိုင်ဆောင်ထားရင်း ဖမ်းဆီးခံရပါက ကြီးလေးသော ဒဏ်ငွေ သို့မဟုတ် [ထောင်ဒဏ် (၅) နှစ်အထိ](https://thethaiger.com/guides/best-of/health/vaping-in-thailand-everything-you-need-to-know) ကျခံရနိုင်ပါတယ်။  
ရောင်းချမှု/တင်သွင်းမှု: Vape ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်း ပြုလုပ်လျှင် ပိုမိုပြင်းထန်တဲ့ ဒဏ်ငွေများအပြင် ထောင်ဒဏ် (၁၀) နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

Bangkok က ခရီးသွားဇုန်တွေ (ဥပမာ- Sukhumvit, Khaosan Road) နဲ့ ညဈေးအချို့မှာ Vape တွေကို ပေါ်တင်ရောင်းနေတာ တွေ့နိုင်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားအများစုဟာ "ဆိုင်တွေမှာ ပေါ်တင်ရောင်းနေတာပဲ၊ သောက်လို့ရမှာပါ" ဆိုပြီး အထင်မှားတတ်ကြပါတယ်။ ဒါဟာ ဥပဒေက ခွင့်ပြုထားလို့မဟုတ်ဘဲ မှောင်ခိုဈေးကွက် (Black Market) အဖြစ် ခိုးကြောင်ခိုးဝှက် ရောင်းချနေကြတာသာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပါက [ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး](https://thaiembassy.se/en/ban-on-electronic-cigarettes-in-thailand/)မလိုလားအပ်တဲ့ ငွေညှစ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

အတိုချုပ်ပြောရရင် ထိုင်းနိုင်ငံဟာ လူငယ်တွေရဲ့ ကျန်းမာရေး ကို ကာကွယ်ဖို့နဲ့ ဆေးလိပ်ထိန်းချုပ်ရေးမူဝါဒ တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်တာကြောင့် Vape ကို တရားမဝင်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။  
ဒါကြောင့် ထိုင်းနိုင်ငံကို အလည်အပတ်သွားမယ့်သူပဲဖြစ်ဖြစ်၊ ကျောင်းတက်/အလုပ်လုပ်နေသူပဲဖြစ်ဖြစ် မိမိတို့ရဲ့ လုံခြုံရေးနဲ့ ငွေကြေးဆုံးရှုံးမှုမရှိစေရေးအတွက် ထိုင်းနိုင်ငံအတွင်း Vape ယူဆောင်လာခြင်း၊ ဝယ်ယူခြင်းနဲ့ သောက်သုံးခြင်းတို့ကို လုံးဝရှောင်ကြဉ်ဖို့ အလေးအနက် အကြံပြုလိုပါတယ်။

## **အမေးများသော မေးခွန်းများ**

လေဆိပ် (Airport Transit) မှာ ခဏပဲ ဖြတ်သွားရင်ရော ယူလို့ရလား။  
ဖြေ။ ။ လုံးဝ ယူလို့မရပါဘူး။ ထိုင်းလေဆိပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ တွေ့ရှိရင် ချက်ချင်း အသိမ်းခံရမယ့်အပြင် ဒဏ်ငွေပါ အဆောင်ခံရနိုင်ပါတယ်။

နီကိုတင်းမပါတဲ့ (Nicotine-Free/0% Nicotine) Vape သို့မဟုတ် အနံ့ပဲပါတဲ့ Pod တွေဆိုရင်ရော ရလား။  
ဖြေ။ ။ မရပါဘူး။ ထိုင်းဥပဒေအရ Vape သောက်သုံးတဲ့ ကိရိယာ (Vaporizer) နဲ့ ယန္တရားအားလုံးကို ပိတ်ပင်ထားတာ ဖြစ်လို့ အရည်ထဲမှာ နီကိုတင်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တရားမဝင်ပါဘူး။

IQOS (Heat-Not-Burn) ပစ္စည်းတွေရော တရားဝင်လား။  
ဖြေ။ ။ IQOS ကဲ့သို့ ဆေးရွက်ကြီးကို အပူပေးတဲ့ စနစ်တွေဟာလည်း ထိုင်းနိုင်ငံမှာ အီးစီးကရက် (Vape) အမျိုးအစားထဲမှာပဲ အကျုံးဝင်တာမို့ တရားမဝင်ပါဘူး။

![CoLive](https://www.colive.info/hs-fs/hubfs/CoLive%20Logo%20with%20bg.png?width=120&height=120&name=CoLive%20Logo%20with%20bg.png)

Post by [CoLive](https://www.colive.info/my-mm/blog/author/colive)  
 Jul 11, 2026 6:55:34 AM

 CoLive is a digital platform that connects room owners who are looking for a compatible roommate with room seekers who want a place to stay.

### Related Articles

##### [![TM30 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ](https://www.colive.info/hs-fs/hubfs/colive%20blog%20-%20tm30%20-%20mm.webp?width=520&height=294&name=colive%20blog%20-%20tm30%20-%20mm.webp) rules&regulations • May 29, 2026 6:13:16 AM TM30 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ 3 min read](https://www.colive.info/my-mm/blog/tm30-mm)

## Match with a compatible roommate in Bangkok

Join the community of students and young professionals in Bangkok who are finding better living situations through smart matching.

[Register for free](https://app.colive.info/)

[View our services](https://www.colive.info/services)

[![CoLive Logo Rectangle (Apr23)](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg)](https://www.colive.info)

- <https://www.facebook.com/colive.bangkok>
- <https://www.linkedin.com/company/colivebkk/>
- [mailto:hello@colive.info](mailto:hello@colive.info)

- CoLive App 
    - [Register your room](https://www.colive.info/services/room-owners)
    - [Find a room owner](https://www.colive.info/services/room-seekers)
- Contact us 
    - [Facebook](https://www.facebook.com/profile.php?id=61579336877028)
    - [Email](mailto:hello@colive.info)
- Bangkok Guide 
    - [English Blogs](https://www.colive.info/blog)
    - [Burmese Blogs](https://www.colive.info/my-mm/blog)

©2026 CoLive All rights reserved. [Privacy Policy](https://www.colive.info/privacy-policy)

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "CoLive",
    "url" : "https://www.colive.info/my-mm/blog/author/colive"
  },
  "dateModified" : "2026-07-11T11:08:13.842Z",
  "datePublished" : "2026-07-11T10:55:34.000Z",
  "headline" : "ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် Vape က တရားမဝင်တာလဲ",
  "image" : [ "https://www.colive.info/hubfs/colive%20blog%20-%20vape-webp.webp" ],
  "mainEntityOfPage" : {
    "@id" : "https://www.colive.info/my-mm/blog/why-vape-is-illegal-in-thailand",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg"
    }
  }
}
```