---
title: TM30 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ
description: ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားတိုင်း မဖြစ်မနေသိထားရမယ့် TM30 ဆိုတာဘာလဲ။
image: https://www.colive.info/hubfs/colive%20blog%20-%20tm30%20-%20mm.webp
---

[Skip to main content](https://www.colive.info/my-mm/blog/tm30-mm#main-content)

[![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg) ![CoLive](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg)](https://www.colive.info/)

- [Home](https://www.colive.info)
- [Show submenu for Services Services](https://www.colive.info/services) 
    - [For Room Owners](https://www.colive.info/services/room-owners)
    - [For Room Seekers](https://www.colive.info/services/room-seekers)
- [Blog](https://www.colive.info/blog)
- [About](https://www.colive.info/about)
- [Contact](https://www.colive.info/contact)

Open main navigation

Close main navigation

- [Home](https://www.colive.info)
- Show submenu for Services  Services 
  
    - Services
    - [Services](https://www.colive.info/services)
    - [For Room Owners](https://www.colive.info/services/room-owners)
    - [For Room Seekers](https://www.colive.info/services/room-seekers)
- [Blog](https://www.colive.info/blog)
- [About](https://www.colive.info/about)
- [Contact](https://www.colive.info/contact)
- [Join Now](https://app.colive.info/)

[Join Now](https://app.colive.info/)

**Tags:** 

[rules&regulations](https://www.colive.info/my-mm/blog/tag/rulesregulations)

# TM30 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ

![CoLive](https://www.colive.info/hs-fs/hubfs/CoLive%20Logo%20with%20bg.png?width=120&height=120&name=CoLive%20Logo%20with%20bg.png)

 by [CoLive](https://www.colive.info/my-mm/blog/author/colive)

May 29, 2026, 6:13:16 AM

![colive blog - tm30 - mm](https://www.colive.info/hs-fs/hubfs/colive%20blog%20-%20tm30%20-%20mm.webp?width=900&height=525&name=colive%20blog%20-%20tm30%20-%20mm.webp)

TM30 ဆိုတာ ထိုင်းနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားသားတွေ ဘယ်နေရာမှာ တည်းခိုနေထိုင်တယ်ဆိုတာကို မှတ်တမ်းတင်တဲ့ လူဝင်မှုကြီးကြပ်ရေး (Immigration) ဖောင်တစ်ခု ဖြစ်ပါတယ်။ သင် အိမ်ပြောင်းရွှေ့နေထိုင်ပြီး ၂၄ နာရီအတွင်း အိမ်ရှင်က မဖြစ်မနေ တင်ပေးရမယ့်ဖောင်ပါ။

ထိုင်းနိုင်ငံဥပဒေအရ ဒါဟာ သင့်တာဝန်မဟုတ်ဘဲ အိမ်ရှင်ရဲ့ တာဝန်သာဖြစ်ပေမဲ့ TM30 မတင်ထားမိရင် နောက်ပိုင်း ဗီဇာသက်တမ်းတိုးတဲ့အခါ တော်တော်လေး ခေါင်းခဲစရာ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် TM30နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

## 1. TM30 ဆိုတာဘာလဲ

အကယ်၍ သင်ဟာ ထိုင်းနိုင်ငံမှာ ကွန်ဒို ဒါမှမဟုတ် တိုက်ခန်းငှားနေတဲ့ နိုင်ငံခြားသားတစ်ယောက်ဆိုရင် "TM30" ဆိုတဲ့ စကားလုံးကို အိိမ်ငှားစာချုပ်ချုပ်စဉ်ကဖြစ်စေ၊ ဒါမှမဟုတ် အိမ်ရှင်က သင့်ပတ်စပို့မိတ္တူ တောင်းစဉ်ကဖြစ်စေ အနည်းဆုံးတစ်ကြိမ်တော့ ကြားဖူး၊ မြင်ဖူးနေပါလိမ့်မယ်။

ဒါဆို အဲဒါက အတိအကျ ဘာကိုပြောတာလဲ။  
TM30 ဆိုတာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့ တရားဝင်ဖောင်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အပြည့်အစုံကတော့ \*"နိုင်ငံခြားသား တည်းခိုနေထိုင်သည့် နေအိမ်ပိုင်ရှင် သို့မဟုတ် မန်နေဂျာမှ သတင်းပို့လွှာ"\* ဆိုပြီး ခေါ်ရတာ နည်းနည်းရှည်နေပေမဲ့ အဓိကဆိုလိုရင်းကတော့ ရိုးရိုးလေးပါပဲ— ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံခြားသားတိုင်း ညဘက် ဘယ်နေရာမှာအိပ်လဲဆိုတာကို ထိုင်းအစိုးရက သိချင်တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အမှန်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ ၁၉၇၉ ခုနှစ် ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (Thai Immigration Act) ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်းမှာ သိသိသာသာ ပြောင်းလဲလာတာကတော့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ ဒီဥပဒေကို အရင်ကထက် ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးလာကြတာ ဖြစ်ပါတယ်။ အရင်ကလို ဟိုတယ်တွေတင်မကဘဲ အခုဆိုရင် ကိုယ်ပိုင်ကွန်ဒိုတွေ၊ အပါတ်မန့်တွေအပြင် သူငယ်ချင်းအိမ်မှာ ဧည့်သည်အဖြစ် သွားတည်းတဲ့ အိမ်မျိုးတွေအထိပါ TM30 တင်ဖို့ သတ်မှတ်လာကြပါတယ်။

 

![tm30 example](https://www.colive.info/hs-fs/hubfs/tm30%20example.webp?width=821&height=467&name=tm30%20example.webp)

 

## 2. TM30 ဖောင်တင်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ

TM30 တင်ဖို့ ဥပဒေအရ တရားဝင် တာဝန်ရှိသူဟာ အိမ်ရှင် (သို့မဟုတ် နေအိမ်ပိုင်ရှင်) သာ ဖြစ်ပါတယ်။ ဆိုလိုတာက သင့်အိမ်ရှင်ဟာ ထိုင်းလူမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် သင် အိမ်ထဲစတင် ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကစပြီး ၂၄ နာရီအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဆီကို TM30 မဖြစ်မနေ တင်ပေးရပါမယ်။

ဒါဟာ အောက်ပါအခြေအနေအားလုံးနဲ့ အကျုံးဝင်ပါတယ် –

1. နိုင်ငံခြားသားအိမ်ငှားတွေကို ကွန်ဒိုငှားထားတဲ့ အိမ်ရှင်များ
2. နိုင်ငံခြားသားတွေ လာရောက်နေထိုင်တဲ့ လုံးချင်းအိမ် သို့မဟုတ် တိုက်ခန်းပိုင်ရှင်များ
3. မိမိတို့အိမ်မှာ နိုင်ငံခြားသားတစ်ဦးကို ဧည့်သည်အဖြစ် လက်ခံထားတဲ့ ထိုင်းမိတ်ဆွေ သို့မဟုတ် မိသားစုများ
4. မိမိပိုင် ကွန်ဒိုအခန်းမှာ ကိုယ်တိုင် ပြန်နေထိုင်တဲ့ နိုင်ငံခြားသား ကွန်ဒိုပိုင်ရှင်များ

အိမ်ငှားတစ်ယောက်အနေနဲ့ ဥပဒေအရ ဒီဖောင်ကို ကိုယ်တိုင်တင်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သင့်အိမ်ရှင်က ဒါကို တကယ် တင်၊ မတင်ဆိုတာကိုတော့ မဖြစ်မနေ စစ်ဆေးထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က ပျက်ကွက်ခဲ့ရင် နောက်ဆက်တွဲ ခေါင်းခဲရမယ့် ပြဿနာက သင့်ရဲ့ ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းအပေါ်မှာပဲ သက်ရောက်လာမှာ ဖြစ်လို့ပါ။

## 3. TM30 မတင်ရင် ဘာဖြစ်မလဲ

TM30 မတင်ဘဲ လျစ်လျူရှုလိုက်တာတာဟာ သိပ်ပြီး အန္တရာယ်မရှိလှဘူးလို့ ထင်ရနိုင်ပါတယ်။ ဥပဒေအရ အိမ်ရှင်တွေ ခံရမယ့် ဒဏ်ငွေဟာ တစ်ကြိမ်ကို ၈၀၀ ကနေ ၂,၀၀၀ ဘတ်အထိပဲ ရှိတာမို့ အိမ်ရှင်အများစုဟာ ရှုပ်ရှုပ်ရှက်ရှက် စာရွက်စာတမ်းကိစ္စတွေ မလုပ်ချင်တာကြောင့် ဒဏ်ငွေပဲ အလွယ်တကူ ဆောင်လိုက်ကြတာမျိုး ရှိပါတယ်။ ဒါပေမဲ့ အိမ်ငှားဖြစ်တဲ့ သင့်အတွက်တော့ အကျိုးဆက်တွေက ပိုပြီး ကြီးမားပြင်းထန်နိုင်ပါတယ်။

- **ဗီဇာသက်တမ်းတိုးရာမှာ အခက်အခဲဖြစ်ခြင်း –** လက်ရှိမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ သင့်ရဲ့ ဗီဇာသက်တမ်းတိုးတဲ့အခါ ဒါမှမဟုတ် ရက် ၉၀ သတင်းပို့ (90-day report) လုပ်တဲ့အခါတိုင်း TM30 ဖောင်ကို ပိုမိုတင်းကျပ်စွာ တောင်းခံလာကြပါတယ်။ အကယ်၍ ဒါမရှိဘူးဆိုရင် လျှောက်ထားမှုတွေ ကြန့်ကြာတာ ဒါမှမဟုတ် ငြင်းပယ်ခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
- **လူဝင်မှုကြီးကြပ်ရေးမှတ်တမ်း ထိခိုက်ခြင်း –** TM30 မှတ်တမ်း မရှိခြင်းဟာ ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်မယ့် သင့်ရဲ့ မှတ်တမ်းအပေါ် ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ဒါမှမဟုတ် အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးခံစားခွင့်တွေ လျှောက်ထားတဲ့အခါ အခက်အခဲ ကြုံရနိုင်ပါတယ်။
- **အိမ်ရှင်အတွက် ဒဏ်ငွေ –** သင့်အိမ်ရှင်အနေနဲ့ ၈၀၀ ဘတ်ကနေ ၂,၀၀၀ ဘတ်အထိ ဒဏ်ငွေ ရိုက်ခံရနိုင်ပါတယ်။ ပမာဏနည်းတယ်လို့ ထင်ရပေမဲ့ TM30 တင်ဖို့ အမြဲတမ်း ပျက်ကွက်တတ်တဲ့ အိမ်ရှင်မျိုးနဲ့ ဆုံရရင်တော့ အိမ်ငှားဖြစ်တဲ့ သင့်မှာပဲ ဗီဇာကိစ္စတွေအတွက် ဆက်တိုက် ခေါင်းခဲနေရမှာ ဖြစ်ပါတယ်။

## 4. အိမ်ငှားတစ်ယောက်အနေနဲ့ ဘာတွေလုပ်ထားသင့်လဲ

TM30 တင်ဖို့က အိမ်ရှင်ရဲ့ တာဝန်ဖြစ်ပေမဲ့ အိမ်ငှားဖြစ်တဲ့သင့်ဘက်က နစ်နာမှုမရှိအောင်နဲ့ ဘေးကင်းလုံခြုံမှုရှိအောင် အောက်ပါအချက်တွေကို လုပ်ဆောင်ထားသင့်ပါတယ် –

- အိမ်ငှားစာချုပ် မချုပ်ဆိုခင် ဒါမှမဟုတ် ချုပ်ဆိုတဲ့အချိန်ကတည်းက အိမ်ရှင်ကို TM30 ကိစ္စ ကြိုတင်မေးမြန်း အတည်ပြုထားပါ။
- သင့်ပတ်စပို့မိတ္တူတွေ (ဓာတ်ပုံစာမျက်နှာ၊ ဗီဇာစာမျက်နှာနဲ့ အဝင်တံဆိပ်တုံး) ကို အိမ်ရှင်တောင်းလာရင် အချိန်မဆွဲဘဲ ချက်ချင်းပေးလိုက်ပါ။
- အိမ်ရှင်ဆီကနေ TM30 တင်ပြီးကြောင်း အထောက်အထားဖြတ်ပိုင်း (Receipt) မိတ္တူ ဒါမှမဟုတ် စခရင်ရှော့ (Screenshot) တောင်းပြီး သေချာသိမ်းဆည်းထားပါ။
- အကယ်၍ သင်ဟာ ထိုင်းနိုင်ငံပြင်ပကို ခရီးသွားပြီး ပြန်လာတဲ့အခါမှာလည်း (အရင်က တင်ထားတဲ့ သက်တမ်းကာလအတွင်း ဝင်ရောက်တာဖြစ်ရင် အသစ်ထပ်တင်ဖို့ မလိုတော့ပေမဲ့) သင့်ရဲ့ ဗီဇာအမျိုးအစားနဲ့ အခြေအနေအရ TM30 အသစ်ပြန်တင်ဖို့ လို၊ မလို အိမ်ရှင်နဲ့ သေချာပြန်လည် အတည်ပြုပါ။
- ရက် ၉၀ သတင်းပို့ (90-day report) တင်ရမယ့်အချိန်တွေမှာ သင့်ရဲ့ TM30 က လက်ရှိနေတဲ့နေရပ်လိပ်စာနဲ့အတူတူဖြစ်မဖြစ် သေချာစစ်ဆေးပါ။

**အကြံပြုချက် –** အကယ်၍ သင့်အိမ်ရှင်က TM30 အကြောင်း သိပ်မသိဘူး ဒါမှမဟုတ် တင်ပေးဖို့ နောက်ကျနေတယ်ဆိုရင် [https://www.immigration.go.th/ ](https://www.immigration.go.th/ )ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး ဝဘ်ဆိုက်တရားဝင်လင့်ခ်ကို ပေးပို့လမ်းညွှန်ပေးလိုက်ပါ။ အခုဆိုရင် အွန်လိုင်းကနေ မိနစ်ပိုင်းနဲ့တင် အလွယ်တကူ လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။

 

![about-tm30](https://www.colive.info/hs-fs/hubfs/about-tm30.webp?width=2106&height=1204&name=about-tm30.webp)

 

## 7. TM30 နဲ့ အတူတူငှားနေထိုင်ခြင်း (အခန်းဖော်ရှာနေသူများ သိထားရန်)

အကယ်၍ သင်ဟာ အတူတူနေမယ့် အခန်းဖော် (Roommate) ရှာဖွေနေတယ်ဆိုရင် TM30 ကိစ္စဟာ အတူတူမပြောင်းရွှေ့ခင် ကတည်းက ပွင့်ပွင့်လင်းလင်း ကြိုတင်ဆွေးနွေးထားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

သတိပြုထားရမယ့် အချက်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။   
သင်က အခြားသူတစ်ယောက်ရဲ့ ကွန်ဒိုမှာ အခန်းဖော်အဖြစ်အတူတူနေမဲ့ အခန်းရှာဖွေသူ (Room Seeker) ဖြစ်ပါက - ကွန်ဒိုပိုင်ရှင် (အိမ်ရှင်) တွင်သာ TM30 တင်ရန် တာဝန်ရှိပါတယ်။ အခန်းဖော်အဖြစ် အတူနေဖို့ မဆုံးဖြတ်ခင် သင့်အတွက်ပါ TM30 တင်ပေးရန် အိမ်ရှင်ထံ လှမ်းတောင်းဆိုပေးဖို့  အခန်းဖော်ကို  ကြိုတင်ပြောကြားထားပါ။

အခန်းဖော်နှင့် ၂ယောက်အတူတူ အခန်းအသစ် လိုက်လံရှာဖွေနေသူများ ဖြစ်ပါက – အခန်းတစ်ခန်းကို သဘောကျလို့ ငှားရမ်းတော့မယ်ဆိုရင်  အိမ်ရှင်အနေနဲ့ သင့်တို့နှစ်ယောက်လုံးအတွက် TM30 တင်ပေးလို့ရမရ သေချာအောင်မေးမြန်းထားပါ။

## 8. နိဂုံးချုပ်

TM30 ဆိုတာ အစပိုင်းမှာ ကြောက်စရာကြီးလိုလို ထင်ရပေမဲ့ သေချာနားလည်သွားတဲ့အခါ တကယ်တော့ အလွန်ရိုးရှင်းပါတယ်။ အဓိက မှတ်သားထားရမယ့် အချက်ကတော့— ဒါဟာ သင့်အိမ်ရှင်ရဲ့ တရားဝင် ဥပဒေကြောင်းအရ တာဝန်ဖြစ်ပြီး သင့်တာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စ အောင်အောင်မြင်မြင် ပြီးမြောက်ဖို့က သင့်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

သင်ဟာ ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ဝင်စ လူငယ်တစ်ယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘန်ကောက်မြို့ကို အသစ်စက်စက် ရောက်ရှိလာသူပဲဖြစ်ဖြစ် TM30 ကိစ္စကို သေချာ ဂရုတစိုက်ရှိနေခြင်းက ဗီဇာသက်တမ်းတိုးတဲ့အခါ ဒါမှမဟုတ် ဘဏ်အကောင့်ဖွင့်တဲ့အခါ မျှော်လင့်မထားတဲ့ ခေါင်းခဲစရာ ပြဿနာတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ အိမ်ရှင်ကောင်း ဒါမှမဟုတ် အခန်းဖော်ကောင်းဆိုတာ သင်တောင်းဆိုစရာတောင်မလိုဘဲ ဒါကို အလိုအလျောက် လုပ်ဆောင်ပေးကြမှာပါ။ ဒါပေမဲ့ အခုဆိုရင် သင်ကိုယ်တိုင်လည်း မှန်ကန်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်လောက်အောင် TM30အကြောင်းကို အသေအချာ သိရှိသွားပြီ ဖြစ်ပါတယ်။

> ဘန်ကောက်မှာ အခန်းအဆင်သင့်ရှိပြီးသား ဒါမှမဟုတ် အခန်းတူတူလိုက်ရှာမယ့် စိတ်တူကိုယ်တူ အခန်းဖော် တစ်ယောက်ကို ရှာဖွေနေတယ်ဆိုရင် ၁၀ မိနစ်လောက် အချိန်ပေးပြီး [CoLive App](https://app.colive.info/) ဒါမှမဟုတ် [CoLive Facebook Page Messenger](https://www.facebook.com/profile.php?id=61579336877028) ကနေ အခမဲ့ လာရောက် Register လုပ်ထားလိုက်ရုံပါပဲ။  
> စိတ်တိုင်းကျ အခန်းဖော်ရဖို့ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ။ 🤗

 

![CoLive](https://www.colive.info/hs-fs/hubfs/CoLive%20Logo%20with%20bg.png?width=120&height=120&name=CoLive%20Logo%20with%20bg.png)

Post by [CoLive](https://www.colive.info/my-mm/blog/author/colive)  
 May 29, 2026, 6:13:16 AM

 CoLive is a digital platform that connects room owners who are looking for a compatible roommate with room seekers who want a place to stay.

### Related Articles

##### [![ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။](https://www.colive.info/hs-fs/hubfs/colive%20blog%20-%20documents-for-rent-webp.webp?width=520&height=294&name=colive%20blog%20-%20documents-for-rent-webp.webp) lifestyle • Jul 22, 2026, 11:00:13 PM ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။ 1 min read](https://www.colive.info/my-mm/blog/renting-room-in-bangkok)

##### [![ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် Vape က တရားမဝင်တာလဲ](https://www.colive.info/hs-fs/hubfs/colive%20blog%20-%20vape-webp.webp?width=520&height=294&name=colive%20blog%20-%20vape-webp.webp) rules&regulations • Jul 11, 2026, 6:55:34 AM ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် Vape က တရားမဝင်တာလဲ 2 min read](https://www.colive.info/my-mm/blog/why-vape-is-illegal-in-thailand)

## Match with a compatible roommate in Bangkok

Join the community of students and young professionals in Bangkok who are finding better living situations through smart matching.

[Register for free](https://app.colive.info/)

[View our services](https://www.colive.info/services)

[![CoLive Logo Rectangle (Apr23)](https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg)](https://www.colive.info)

- <https://www.facebook.com/colive.bangkok>
- <https://www.linkedin.com/company/colivebkk/>
- [mailto:hello@colive.info](mailto:hello@colive.info)

- CoLive App 
    - [Register your room](https://www.colive.info/services/room-owners)
    - [Find a room owner](https://www.colive.info/services/room-seekers)
- Contact us 
    - [Facebook](https://www.facebook.com/profile.php?id=61579336877028)
    - [Email](mailto:hello@colive.info)
- Bangkok Guide 
    - [English Blogs](https://www.colive.info/blog)
    - [Burmese Blogs](https://www.colive.info/my-mm/blog)

©2026 CoLive All rights reserved. [Privacy Policy](https://www.colive.info/privacy-policy)

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "CoLive",
    "url" : "https://www.colive.info/my-mm/blog/author/colive"
  },
  "dateModified" : "2026-05-29T10:14:10.185Z",
  "datePublished" : "2026-05-29T10:13:16.000Z",
  "headline" : "TM30 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ",
  "image" : [ "https://www.colive.info/hubfs/colive%20blog%20-%20tm30%20-%20mm.webp" ],
  "mainEntityOfPage" : {
    "@id" : "https://www.colive.info/my-mm/blog/tm30-mm",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://www.colive.info/hubfs/CoLive%20Logo%20Rectangle%20(Apr23).svg"
    }
  }
}
```