Skip to main content

Tags:

lifestyle

Studio room နဲ့ 1 Bedroom ဘယ်လိုကွာသလဲ?

CoLive
by CoLive
May 21, 2026 11:27:26 PM

colive blog - room type - mm-3

ကွန်ဒို ဒါမှမဟုတ် တိုက်ခန်းတွေ ရှာတဲ့အခါ Studio room နဲ့ 1 Bedroom က အမေးများဆုံး အမျိုးအစားတွေပါ။ သူတို့ရဲ့ အဓိကကွာခြားချက်ကတော့ အခန်းဖွဲ့စည်းပုံနဲ့ နေရာအကျယ်အဝန်းပဲ ဖြစ်ပါတယ်။
အလွယ်ဆုံးခွဲခြားနိုင်ဖို့ အောက်မှာ အချက်အလက်လေးတွေ စုစည်းပေးထားပါတယ် -

Studio Room (စတူဒီယိုခန်း) 

image of studio room

ဒီအခန်းအမျိုးအစားက အခန်းတစ်ခန်းတည်းထဲမှာပဲ အရာအားလုံး စုနေတဲ့ ပုံစံပါ။
အခန်းဖွဲ့စည်းပုံ: အိပ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင်က တစ်ဆက်တည်း ဖြစ်နေပါတယ်။ အိမ်သာ/ရေချိုးခန်း တစ်ခုပဲ သီးသန့် အခန်းခွဲထားတာပါ။
အကျယ်အဝန်း: များသောအားဖြင့် ၁ Bedroom ထက် သေးပါတယ်။
အားသာချက်: ဈေးနှုန်းသက်သာတယ်၊ သန့်ရှင်းရေးလုပ်ရလွယ်တယ်၊ တစ်ယောက်တည်းနေမယ့်သူတွေအတွက် အဆင်ပြေတယ်။
အားနည်းချက်: ဧည့်သည်လာရင် ကိုယ့်အိပ်ရာက အထင်သားပေါ်နေတတ်သလို၊ ဟင်းချက်ရင်လည်း တစ်ခန်းလုံး အနံ့စွဲတတ်ပါတယ်။


1 Bedroom (အိပ်ခန်းတစ်ခန်း) 

colive blog - onebed room img

ဒါကတော့ အိပ်ခန်းကို သီးသန့် အခန်းဖွဲ့ပေးထားတဲ့ ပုံစံပါ။
အခန်းဖွဲ့စည်းပုံ: အိပ်ခန်း (Bedroom) က နံရံ ဒါမှမဟုတ် တံခါးနဲ့ သီးသန့်ခွဲထားပါတယ်။ ဧည့်ခန်း (Living Area) နဲ့ မီးဖိုချောင်က သီးခြားစီ ဖြစ်နေတတ်ပါတယ်။
အကျယ်အဝန်း: Studio ထက် ပိုကျယ်ပြီး နေရာ ပိုရပါတယ်။
အားသာချက်: Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်) ပိုရှိတယ်၊ ဧည့်သည်လာရင် အိပ်ခန်းထဲ ပစ္စည်းတွေ သိမ်းထားလို့ရတယ်၊ ဟင်းချက်ရင်လည်း အိပ်ရာထဲ အနံ့မဝင်အောင် တားထားလို့ရတယ်။
အားနည်းချက်: အိမ်လခက Studio ထက် ပိုများနိုင်ပါတယ်။


ဘယ်လိုလူမျိုးတွေအတွက် သင့်တော်သလဲ?🤔

အလုပ်များလို့ အခန်းမှာ ခဏပဲ နားမယ့်သူ ဒါမှမဟုတ် Budget (ဘတ်ဂျက်) အကန့်အသတ်ရှိရင် Studio က ပိုကိုက်ညီပါတယ်။
အိမ်မှာပဲ အချိန်ကုန်တာများတယ်၊ ဧည့်သည်လာလေ့ရှိတယ်၊ အိပ်တဲ့နေရာနဲ့ အလုပ်လုပ်တဲ့နေရာ ခွဲချင်တယ်ဆိုရင်တော့ 1 Bedroom က ပိုကောင်းပါတယ်

CoLive မှာ ကိုယ်လိုချင်တဲ့ အခန်းအမျိုးအစား၊ နေရာ၊ budgetကို လိုက်ပြီးတော့ အဆင်ပြေ ကိုက်ညီမဲ့ အခန်းဖော်တစ်ဥိီးကို အမြန်ဆုံးရှာဖွေနိုင်ပါတယ်။ 

အခန်းဖော်ရှာတာ ကြာနေပြီ၊ တွေ့တဲ့သူကလည်း ကိုယ်နဲ့အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေရတယ်ဆိုရင်  ၁၀ မိနစ်လောက် အချိန်ပေးပြီး CoLive App ဒါမှမဟုတ် CoLive Facebook Page Messenger ကနေ အခမဲ့ လာရောက် Register လုပ်ထားလိုက်ရုံပါပဲ။
စိတ်တိုင်းကျ အခန်းဖော်ရဖို့ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ။ 🤗

CoLive
Post by CoLive
May 21, 2026 11:27:26 PM
CoLive is a digital platform that connects room owners who are looking for a compatible roommate with room seekers who want a place to stay.

Find your compatible roommate in Bangkok

Join the community of students and young professionals in Bangkok who are finding better living situations through smart matching.