CoLive က Bangkok မှာ အခန်းဖော်ရှာနေသူတွေကို ချိတ်ဆက်ပေးတဲ့ Online Platform တစ်ခုပေါ့။
🏠 အခန်းငှါးထားပြီးသား အခန်းပိုင်ရှင်တွေ
လက်ရှိ အခန်းငှားထားပြီးသား ဖြစ်ပြီး၊ သူတို့နဲ့ အတူတူနေဖို့ အဆင်ပြေမယ့် အခန်းဖော်တစ်ယောက်ကို ထပ်ရှာချင်တဲ့သူတွေ
🔍 အခန်းမငှါးထားရသေးတဲ့ အခန်းရှာသူတွေ
ကိုယ်တိုင် အခန်းမငှားရသေးဘဲ၊ အခန်းရှိထားပြီးသား အခန်းဖော်တစ်ယောက် ကို ရှာပြီး အတူတူ နေထိုင်ချင်တဲ့သူတွေ (ဥပမာ- အပေါ်ကလို အခန်းပိုင်ရှင်တွေကို ရှာချင်တာမျိုး)
🤝 အခန်းဖော် အရင်ရှာပြီးမှ အခန်း အတူတူငှါးချင်တဲ့သူတွေ
အခန်းမငှားခင်မှာ ကိုယ်နဲ့ စိတ်တူကိုယ်တူ လိုက်ဖက်ညီမယ့် အခန်းဖော်ကို အရင်ရှာပြီးမှ၊ နှစ်ယောက်အတူတူ အခန်းငှားချင်တဲ့သူတွေ
ဘာလို့ CoLive ကနေတစ်ဆင့် အခန်းဖော်ရှာသင့်တာလဲ
CoLive ရဲ့ အားသာချက်ကတော့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေနဲ့ ကိုက်ညီတဲ့ အခန်းဖော်တစ်ယောက်ကို အချိန်တိုလေးအတွင်းမှာ ရှာဖွေနိုင်တာဘဲဖြစ်ပါတယ်။
ကျွန်တော်တို့ကနေ မိတ်ဆွေရဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်၊ ဘာလေးတွေကြိုက်တတ်သလဲ၊ မကြိုက်တတ်သလဲ၊ ဘယ်လိုမျိုး အခန်းဖော်ကို လိုချင်တာလဲဆိုတာကို အတူတူဆွေးနွေးပေးမယ်၊ အခန်းဖော် အတူတူရှာပေးမယ်။
သေချာပြန်တွေးကြည့်ကြရအောင်နော်! 🤔
ဒီလိုမျိုး စိတ်ရှုပ်စရာတွေ ကြုံဖူးမှာပါ။
ဘာအကြောင်းမှ သေချာမသိသေးတဲ့ သူစိမ်းတစ်ယောက် ကို အခန်းဖော်အဖြစ် ရွေးချယ်ပြီးမှ ကိုယ်နဲ့ သူနဲ့ အကြိုက်မတူလို့၊ နေထိုင်မှုပုံစံ မတူလို့ စကားများရတာမျိုး၊ ဒါမှမဟုတ် အခန်းဖော်အသစ်ကို ထပ်ရှာနေရတာမျိုး ဆိုတာက...
နှစ်ဦးစလုံးအတွက် အချိန်တွေကုန်၊ ငွေတွေကုန်ပြီး လူလည်းပင်ပန်းစေပါတယ်။
CoLive ကနေ ဘာတွေ အာမခံပေးနိုင်သလဲ?
CoLive ကို အသုံးပြုတာကြောင့် စိတ်ပူစရာမလိုဘဲ ယုံကြည်မှုရှိရှိနဲ့ လုံခြုံစိတ်ချရစွာ အခန်းဖော်ရှာနိုင်ဖို့ ဒီအချက်တွေကို ကျွန်တော်တို့ အာမခံပေးပါတယ်!
✅ Verified Profiles
Fake profile, scam တွေနဲ့ မတွေ့ဆုံရအောင် Photo, occupation, lifestyle info တွေ ပြည့်ပြည့်စုံစုံ ဖြည့်ထားတဲ့သူတွေနဲ့ပဲ ရွေးချယ် connect လုပ်လို့ရပါတယ်
💬 နှစ်ဖက်စလုံးက အပြန်အလှန် သဘောကျမှ စကားစပြောလို့ရမယ်
CoLive မှာ ဘယ်သူ့ကိုမဆို message ပို့လို့ မရပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် like မှ conversation စတင်လို့ရပါတယ်။ ဒါကြောင့် မလိုလားတဲ့ spam message တွေ၊ မသိတဲ့သူတွေဆီကနေ message ဝင်လာတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။
🔒 Personal Information Privacy
CoLive ကနေပြီးတော့ မိတ်ဆွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မိတ်ဆွေရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ အခန်းဖော်ရှာနေတဲ့တခြားသူတွေကို ဝေမျှပေးခြင်း လုံးဝလုံးဝ မရှိပါဘူး။
အသုံးပြုသူတွေရဲ့ အချက်အလက်လုံခြုံမှုဟာ CoLive ရဲ့ ပထမဦးစားပေးဖြစ်ပါတယ်။
(Personal information : Name, Photo, Contact info)

ဒါကြောင့် အခန်းဖော်ရှာနေတယ်ဆိုရင် ၁၀ မိနစ်လောက် အချိန်ပေးပြီး CoLive Page Messenger ဒါမှမဟုတ် CoLive App ကနေ လာရောက် Register လုပ်ထားလိုက်ရုံပါပဲ။
စိတ်တိုင်းကျ အခန်းဖော်ရဖို့ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ။ 🤗
Tags:
colive-app
Apr 18, 2026 10:10:43 PM
